NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ ကျောင်းသူ/သားတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစီစဉ်ကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက ကျောင်းတကျောင်းမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီရဲ့ AVSC Medical Team အဖွဲ့ထံက သိရပါတယ်။

“ကျနော်တို့ကတော့ ဘယ်မြို့နယ်ရယ်လို့ မဟုတ်ပါဘူး။ လက်လှမ်းမီတဲ့ကျောင်းတွေ ကျနော်တို့ကို လာချိတ်ဆက်တဲ့ကျောင်းတွေကို လိုက်ပြီးစောင့်ရှောက်မှု ပေးနေပါတယ်။ အခုဆားလင်းကြီးမြို့နယ်ကတော့ ပထမဆုံးဖြစ်တယ်” လို့ AVSC Medical Team အဖွဲ့က CDM ဝန်ထမ်းဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)အဆင့်ရှိ ဆရာမ မအိက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ ကနီ၊ ပုလဲ၊ အပြင် ယင်းမာပင်မြို့နယ်ထဲမှာ အများဆုံး ပြုလုပ်ပေးခဲ့ပြီး ဆားလင်းကြီးမြို့နယ်မှာတော့ ယခုတကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး “ကျန်းမာရေးမကောင်းရင်တော့ ကျနော်တို့က သူတို့ရောဂါလက္ခဏာ အလိုက်ကုသပေးတာ ရှိတယ်။ ပုံမှန်အားဖြင့် ကျောင်းတကျောင်းဝင်ပြီဆိုတာနဲ့ ဦးစားပေးလုပ်တာကတော့ မူလတန်းအဆင့်ကို သန်ချဆေးတိုက်တယ်။ အလယ်တန်း၊ အထက်တန်းအဆင့် မိန်းကလေးတွေကိုကြတော့ အပျိုဖော်ဝင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သံဓါတ်အားတိုးဆေးတွေ တိုက်ပါတယ်” လို့ ဆရာမ မအိက ပြောပါတယ်။

ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဟာ လူထုသပိတ်တိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေကို စဉ်ဆက်မပြတ်ဖော်ဆောင်လုပ်ကိုင်နေသလို၊ စစ်ဘေးရှောင်တွေကို ကူညီတာ၊ ပညာရေးကူညီတာ၊ လူထုအကျိုးပြုတော်လှန်ရေးစာစောင်တွေကို ဝေငှတာ၊ ဟောပြောတာတွေအပြင် အခုလို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။