myaelatt athan

Sharing Information to the Local

အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်

တောင်ငူ၊ ဇူလိုင် ၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ အမျိုးသမီးတဦးကို သေဆုံးအောင် အက်ဆစ်နဲ့ပက်ခဲ့သူကို တောင်ငူ တရားရုံးက သေဒဏ်အမိန့်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၃၀ ရက်မှာ အသက် ၆၀ ကျော်အရွယ် အောင်ဆွေလတ် (ခ) အီစာဆိုသူကို တောင်ငူခရိုင် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အမိန်ချလိုက်တယ်လို့တော့ သိရတယ်။ ဖြစ်တုန်းကတော့ လမ်းပေါ်မှာဘဲ။ လူမှုရေးကိစ္စကြောင့်လို့ သိရတယ်။ အက်ဆစ်များပြီးတော့သေသွားတာ။ “လို့ ဒေသခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်ညပိုင်းမှာ အမှတ် ၁၉ ရပ်ကွက် ညောင်ပင်စျေးနားမှာ တောင်ငူမြို့၊ (၁၂)ရပ်ကွက်၊ ဘုရားလမ်းမှာ နေထိုင်တဲ့ ဒေါ်အေးမြစန္ဒာမြင့်ကို အမှတ် (၄)ရပ်ကွက်၊ ဦးပန်းဖြူလမ်းနေ အောင်ဆွေလတ် (ခ) အီစာဆိုသူက အက်ဆစ်နဲ့ပက်ခဲ့တယ်လို့ သိရပါတယ်။

အက်ဆစ်နဲ့ပက်ခံရတာကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်အေးမြစန္ဒာမြင့်မှာ မျက်နှာ၊ လက်မောင်း ၂ ဖက်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် အရေပြားများ လောင်ကျွမ်းဒဏ်ရာတွေနဲ့ မျက်လုံးနှစ်ဖက်မှာ ဒဏ်ရာရခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံမှာ ဆေးကုနေချိန် အောက်တိုဘာ ၂၃ ရက်မနက်မှာ သေဆုံးခဲ့တာပါ။

အောင်ဆွေလတ် (ခ) အီစာဆိုသူကိုတော့ ရဲကနေ သူနေထိုင်ရာနေအိမ်ကနေ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ တောင်ငူမြို့မရဲ့စခန်းကနေ အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇွန် ၂၇ ရက်ကလည်း ၅ နှစ်အရွယ်မိန်းကလေးငယ်သေဆုံးအောင် အဓမ္မပြုကျင့်ညှင်းပန်း နှိပ်စက်ခဲ့သူ လင်မယားကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ်တသက်အပါအဝင် ထောင်ဒဏ် ၂၇ နှစ်ပါချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။