myaelatt athan

Sharing Information to the Local

မွေးနေ့မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို ၈ သောင်းပြည့်

0
0

မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။

ဇွန် ၁၉ ရက်မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ တော်လှန်ရေးအင်အားစု တွေ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ Suu 80 Birthday Campaign မှာ မွေးနေ့ဆုတောင်းဗီဒီယို ၈ သောင်းပြည့်သွားပြီလို့ ကမ်ပိန်းတရားဝင်ဖေ့ဘုတ်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

“အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း ၈၀၀၀၀ ပြည့်သွားပါပြီ ပါဝင်ဆုတောင်းပေး သူများအားလုံးနှင့် ဆုတောင်းများကို ရရှိအောင်ကူညီပေးကြသူများအားလုံးကို ကင်မ် နှင့် ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ” လို့ ကမ်ပိန်းတရား ဝင်ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မွေးနေ့ဆုတောင်းဗီဒီယို စုဆောင်းမှုကို ဇွန် ၆ ရက်ကနေ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာပဲ သတ်မှတ်ထားတဲ့အရေအတွက် ပြည့်မီခဲ့တာဖြစ်ပေမယ့် မွေးနေ့ဆုတောင်းဗီဒီယိုတွေ ကို မူလစီစဉ်ထားတဲ့အတိုင်း ဇွန် ၁၉ ရက် UK စံတော်ချိန် ည ၁၁ နာရီအထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။