myaelatt athan

Sharing Information to the Local

⁨လေပွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၁ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မုံရွာ၊ မေ ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက်၊ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃၊ တပ်ခွဲ ၄ လေပွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲကို မေ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

အခြေခံစစ်သင်တန်းကို အခုနှစ် မတ် ၂၁ ရက်ကနေ မေ ၁၇ ရက်အထိ ၅၈ ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ရင်းရဲ့ အတွေ့အကြုံရှိတဲ့ သင်တန်းဆရာတွေက ပြန်လည်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းအစပိုင်းမှာ သင်တန်းသား ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ပေမယ့် အခက်အခဲတွေကြောင့် သင်တန်းသား ၇ ဦးသာ သင်တန်းပြီးဆုံးတဲ့အထိ ပါဝင်သင်ကြားခဲ့တယ်လို့ သင်တန်းဆရာ ရဲဘော်ကျော်ကြီးက ပြောပါတယ်။

အဆိုပါသင်တန်းအတွင်းမှာ စစ်ရေး၊ တိုက်ခိုက်ရေးအပြင် ဗျူဟာပိုင်းကိုပါ သင်ကြားပေးခဲ့တယ်လို့ သင်တန်းဆရာရဲဘော်ကျော်ကြီးက ဆက်ပြောပါတယ်။

သင်တန်းဆင်းပွဲကိုတော့ သင်တန်းပြီးဆုံးတဲ့နေ့ မေ ၁၇ ရက်မှာပဲပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းအတွင်း ထူးချွန်တပ်ဖွဲ့ဝင်တွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။