မဲဇလီရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦးသေဆုံး

0 6
0 6

မင်းတုန်း၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦးသေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ သရက် ကပစ (၁၂) ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ကျေးရွာထဲကို ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာက သေဆုံးသူ အသက် ၄၀ အရွယ် ကိုစည်သူနှင့် ဗုံးစမှန်ပျက်စီးမှုများအားမြင်တွေ့ရစဥ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာက သေဆုံးသူ အသက် ၄၀ အရွယ် ကိုစည်သူနှင့် ဗုံးစမှန်ပျက်စီးမှုများအားမြင်တွေ့ရစဥ်။

“ကြဲတာက ပြည်သူနေအိမ်တွေပေါ် ကြဲချတာ။ အိမ်ပေါ်ကျတာလည်း ရှိတယ်။ အိမ်နံဘေးတွေ ကျတာလည်းရှိတယ်။ ခုသေဆုံးတဲ့သူဆို နေအိမ်ထဲ နေနေတာ အိမ်ပေါ်ဗုံးကျပြီး ဆုံးတာ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

စစ်တပ်က ကျေးရွာထဲ ဗုံးလာကြဲချိန်မှာ ကျေးရွာအတွင်း PDF တပ်ဖွဲ့ဝင်တွေနေထိုင်တာ၊ ကျေးရွာအနီး တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာက သေဆုံးသူ အသက် ၄၀ အရွယ် ကိုစည်သူနှင့် ဗုံးစမှန်ပျက်စီးမှုများအားမြင်တွေ့ရစဥ်။

ဗုံးထိမှန်တာကြောင့် အသက် ၄၀ အရွယ် ကိုစည်သူဆိုသူမှာ နေရာမှာပင်သေဆုံးပြီး သူ့အိမ်အပါအဝင် နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်က ချင်းနစ်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။