စစ်ကောင်စီတပ်က ချောက်ဒေသခံ ၂ ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်းခေါ်သွား

0 2
0 2

မကွေး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ ရက် မနက် ၈ နာရီကျော်မှာ ဒေသခံ ၂ ဦး ကိုသတ်ဖြတ်ပြီး နောက်ထပ်ဒေသခံ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အသတ်ခံရသူ အမျိုးသား ၂ ဦးနဲ့ ဖမ်းဆီးခံရသူ အမျိုးသား ၁ ဦးတို့မှာ ထိန်စမ်းကျေးရွာကဖြစ်ပြီး အသက် ၃၀ ခန့်ရှိကြတယ်လို့ ဆိုပါတယ်။

“ခေါင်းကို နောက်ကနေ တေ့ပစ်သွားတာဗျ။ မျက်နှာတွေကို စုတ်ပြတ်သတ်နေတာပဲ။ ဦးနှောက်တွေလည်း မရှိတော့ဘူးဗျ” လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ UC ကပြောပါတယ်။

အသတ်ခံရသူ ၂ ဦးမှာ တိုက်ပွဲအတွင်း ကျေးရွာထဲကကျေးလက်ကျန်းမာရေးဌာနအနီးမှာ စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာလို့ သူက ဆိုပါတယ်။

ယမန်နေ့ မနက် ၆ နာရီကျော်မှာ ကုန်းကြီးကျေးရွာအထိုင်စခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေနဲ့ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ ထိန်စမ်းကျေးရွာအနီးမှာ ၄ နာရီ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ထိန်းစိမ်းကျေးရွားအနီးမှာ မနက် ၆ နာရီ ၄၅ ကနေစဖြစ်တာဗျ။ သူတို့ ပြန်ဆုတ်သွားတာ မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်သွားတာ။” လို့ ပကဖတာဝန်ခံကပြောပါတယ်။

အဖမ်းခံရသူ အမျိုးသားကိုတော့ ထိန်စမ်းကျေးရွာနဲ့ ၅ မိုင်ခန့်ဝေးတဲ့ ကုန်းကြီးကျေး ရွာစစ်တပ်စခန်းကို ခေါ်ဆောင်သွားကာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်အချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ ကို UC က ပြောပါ တယ်။

စာတည်း – လင်းဇေ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။