ပြိုင်ဘက် ဗီယက်နမ်ဖိုက်တာကို ဒိုင်ပွဲရပ်နဲ့ ထွန်းမင်းအောင်အနိုင်ရ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇူလိုင် ၁၂၊ ၂၀၂၄။

ယနေ့ညယှဉ်ပြိုင်ထိုးသတ်နေတဲ့ One Friday Fights 70 ရဲ့ FEATHERWEIGHT MUAY THAI ပွဲမှာ ထွန်းမင်းအောင်ဟာ ပြိုင်ဘက်ဗီယက်နမ်ကစားသမား ထရန်ကွက်ထွမ်ကို ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ 

နှစ်ဦးစလုံးဟာ နောက်မဆုတ်တမ်း ထိုးသတ်ခဲ့တာကြောင့် ပွဲဟာကြည့်ကောင်းခဲ့ပါတယ်။ ပထမပွဲစဉ်မှာအရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ထွန်းမင်းအောင်ဟာ သတိကြီးကြီးနဲ့ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ထိုးချက်တွေဟာလည်း ဗီယက်နမ်ကစားသမားအပေါ်မှာ အသာစီးရယူနိုင်ခဲ့တာပါ။

တတိယအချီပြန်အစမှာတော့ နှစ်ဦးသားထိုးသတ်နေရင်း လူချင်းပူးကပ်သွားချိန် ထွန်းမင်းအောင်ရဲ့တံတောင်ရိုက်ချက်ဟာ ပြိုင်ဘက်ဗီယက်နမ်ကစားသမားရဲ့မျက်ခုံးကိုတည့်တည့်ထိကာ ကွဲသွားခဲ့လို့ ဒိုင်လူကြီးက ဗီယက်နမ်ကစားသမားရဲ့ထိခိုက်သွားတဲ့ဒဏ်ရာကိုကြည့်ပြီး ထွန်းမင်းအောင်ကို အနိုင်ပေးလိုက်တာဖြစ်ပါတယ်။ 

ဒီပွဲအနိုင်ကြောင့် ထွန်းမင်းအောင်ဟာ One Championship ကချီးမြှင့်တဲ ဘောနပ်စ် ဘတ်သုံးသိန်းခွဲကိုလည်း ရရှိခဲ့ပါတယ်။ 

Photo – SS from ONE Friday Fights 70 Live

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။