myaelatt athan

Sharing Information to the Local

ONE Friday Fights 70 မှာပါဝင်ထိုးသတ်မယ့် ထွန်းမင်းအောင်

မြေလတ်အသံ၊ ဇူလိုင် ၁၂၊ ၂၀၂၄။

မြန်မာလက်ဝှေ့ကစားသမားထွန်းမင်းအောင်ဟာ One Championship က ပြုလုပ်တဲ့ One Friday Fights 70 ပွဲမှာဝင်ရောက်ထိုးသတ်သွားမှာဖြစ်ပါတယ်။ 

ထွန်းမင်းအောင်ဟာ အသက် ၁၈ နှစ်သာရှိသေးပြီး ဒီပွဲဟာ One Friday Fights မှာထိုးတဲ့ သူ့ရဲ့ဒုတိယပွဲစဉ်လည်းဖြစ်ကာ ပြိုင်ဘက်ကတော့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်ကစားသမား Tuan Quoc Tran(ထရန်ကွက်ထွမ်) ဖြစ်ပါတယ်။

ထွန်းမင်းအောင်ဟာ One Friday Fights မှာထိုးတဲ့ ပထမပွဲစဉ်မှာ ရုရှဖိုက်တာကို အမှတ်နဲ့ရှုံးနိမ့်ထားတာ ကြောင့် ဒီပွဲဟာ One Championship ရဲ့ပိုမိုကောင်းမွန်တဲ့စာချုပ်တွေလိုချင်တဲ့ ထွန်းမင်းအောင်အတွက်အရေးပါတဲ့ပွဲစဉ်တပွဲဖြစ်ပါတယ်။ 

ထွန်းမင်းအောင်ဟာ မြန်မာ့လက်ဝှေ့ဝါရင့်ဖိုက်တာထွန်းထွန်းမင်း၊ ထွန်းမင်းလတ်နဲ့ One Championship ရဲ့ One Friday Fights မှာဝင်ရောက်ထိုးသတ်နေပြီဖြစ်တဲ့ ထွန်းမင်းနိုင်တို့ရဲ့ညီတဦးလည်းဖြစ်ပါတယ်။

ထွန်းမင်းအောင်ရဲ့ပြိုင်ဘက်ကစားသမား Tuan Quoc Tran ဟာ လက်သီးပါဝါမြင့်တယ်လို့နာမည်ကြီးပြီး ထွန်းမင်းအောင်ကတော့ ပြိုင်ဘက်ထက် အရပ်နဲ့ဝိတ်(အလေးချိန်)အားသာချက်ရှိကာ ထွန်းမင်းအောင်နဲ့ Tuan Quoc Tran ရဲ့ပွဲကိုတော့ ဒီနေ့ညမှာကြည့်ရှုရမှာပါ။ 

ထွန်းမင်းအောင်ပါဝင်ထိုးသတ်မယ့် ONE Friday Fights 70 ပွဲစဉ်တွေကို One Championship ရဲ့ Facebook Page နဲ့ Youtube Channel တို့မှာ မြန်မာစံတော်ချိန် ည ၇ နာရီကနေစတင်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Photo – One Lumpinee FC

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။