စစ်တပ်သတင်းပေးဆိုသူ ပြည်သူ့စစ်ခေါင်းဆောင် ရှင်းလင်းခံရ

0 2
0 2

ပဲခူး၊ မေ ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းအုပ်စု၊ ရှမ်းစုရွာနေ စစ်တပ်သတင်ပေးဆိုသူ ပြည်သူ့စစ်ခေါင်းဆောင် အမျိုးသားတဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မေလ ၁၅ ရက် မနေ့က ရှမ်းစုကျေးရွာ ပြည်သူစစ်ခေါင်းဆောင် အသက် ၄၀ နှစ်အရွယ် ဦးကျော်ဆွေဦး ကို နေအိမ်ကနေဖမ်းဆီးပြီး လမ်းတနေရာမှာ ရှင်းလင်းခဲ့တာလို့ ရေတာရှည် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူက ရှမ်းစု ပြည်သူဌာနေခေါင်းဆောင်။ စကစ လမ်းပြ။ ရွာထဲမှာဆိုလည်း ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက် လုပ်နေတာဆိုတော့ သူ့ကို ထိုက်သင့်တဲ့အပြစ်ဒဏ် ပေးလိုက်တာဖြစ်တယ်။ တပ်ဖွဲ့ကနေပြီး သူ့ကိုစီရင်ချက် ချမှတ်လိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးကျော်ဆွေဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ရှမ်းရွာလေးတံတားပေါ်မှာ သေဆုံးခဲ့ကာ အလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး ရေတာရှည်ဆေးရုံကို ပို့ထားခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်ကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ မောင်အေးစိုးမင်းကို ဖမ်းဆီးပြီး ကျေးရွာတနေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။