ဇီးကုန်းလေး ပျူစောထီးကင်းစခန်းကို တိုက်ခိုက်မီးရှို့ပြီး သေနတ် ၃ လက်သိမ်းဆည်း

0 12
0 12

■ တိုက်ပွဲတွင်း ပျူစောထီး ၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

ရွှေဘို၊ အောက်တိုဘာ ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူစောထီးကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ၂ ဖက်သေဆုံးမှုရှိပြီး ပျူစောထီးတွေဆီက သေနတ် ၃ လက်သိမ်းဆည်းခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာ ၅ ရက် ဒီမနက် ၁ နာရီခွဲလောက်မှာ ကျေးရွာအရှေ့ဘက် မူးတံတားအနောက်ဘက်ရှိ အင်အား ၅ ဦးဝန်းကျင်ရှိတဲ့ ကင်းစခန်းကိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုလည်း နာရီဝက်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာမှာ အင်အားက ၄၀ ကျော်လောက်ရှိတယ်။ ရှေ့ကင်းကို ဝင်ပစ်တာ။ ကင်းစခန်းကကောင်တွေက ဆုတ်ပြေးတယ်။ ရွာထဲရှိနေတဲ့ ကောင်တွေက ထွက်မလာဘူး။ ပန်းရံက ပျူတွေက ကား ၂ စီးနဲ့ အကူလာလို့ ပြန်ဆုတ်လာတယ်”လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း ပျူစောထီး ၂ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ကာ ရွှေဘိုမြို့နယ်ပကဖအဖွဲ့ဝင် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ပျူစောထီးစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ပကဖအဖွဲ့ဝင်အလောင်းကိုတော့ ပြန်လည်ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်.။

အောက်တိုဘာ ၂ ရက်မနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရကာ ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။