⁨ငဖဲတိုက်ပွဲမှာ စစ်ကော်မရှင်စစ်ကြောင်းတွေ တပ်လန်ပြန်ဆုတ်ရပြီး ၇၀ ကျော်သေဆုံးဟု AA ထုတ်ပြန်

0 24
0 24

မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်စစ်ကြောင်းတွေ တပ်လန်ပြန်ဆုတ်ရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်-AA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၇ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၉၅တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးစီးတဲ့စစ်ကြောင်းဟာ AA တပ်တွေတည်ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်လာစဥ် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၃,၀၀၀ ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – စွန်တက်ရွာအနီး စက်တင်ဘာလ ၇ ရက်တိုက်ပွဲ သိမ်းဆည်းရမိလက်နက်ခဲယမ်းများ
ပုံစာ – စွန်တက်ရွာအနီး စက်တင်ဘာလ ၇ ရက်တိုက်ပွဲ သိမ်းဆည်းရမိလက်နက်ခဲယမ်းများ

၈ နာရီနီးပါးကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်း ၆၀ ကျော်၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်မှာ စွန်တက်ကျေးရွာအနီးမှာပဲ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းရဲ့ ဒုတိယစစ်ကြောင်းဖြစ်ပြီး ယခုတကြိမ်လည်း ထိခိုက်သေဆုံးများပြီး ထပ်မံတပ်လန် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၅ နာရီခွဲခန့်မှာပဲ စွန်တက်ရွာအနီး နတ်ရေကန်ကုန်းတောင်ဘက်နေရာကို နောက်ထပ်စစ်ကော်မရှင်စစ်ကြောင်းတခုက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိတယ်လို့ AA က ဆိုပါတယ်။

ပုံစာ – ဩဂုတ် ၁၄ ရက်တိုက်ပွဲ သေဆုံးခဲ့တဲ့ တပ်မ ၉၉ လက်အောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ။
ပုံစာ – ဩဂုတ် ၁၄ ရက်တိုက်ပွဲ သေဆုံးခဲ့တဲ့ တပ်မ ၉၉ လက်အောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ။

စစ်ကော်မရှင်တပ်ဖွဲ့အနေနဲ့ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်အစပ်နေရာတွေကို စကခ ၁၇ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၇၄ ၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇ ၊ ခမရ ၅၂၀ ၊ ခလရ ၂၉၅ တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီတပ်ရင်းတွေဟာ စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ စစ်သင်တန်းဆင်းတပ်သားသစ်တွေအများအပြားနဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်အနေနဲ့ ရက္ခိုင်ပြည်နယ်အစပ် ၎င်းတို့ဆုံးရှုံးထားရတဲ့နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နေပြီး ဧရာဝတီတိုင်း စက်စက်ယိုရွာအနီးတဝိုက်၊ ပဲခူးတိုင်း ဆင်လမ်ရွာအနီးတဝိုက်နဲ့ ရိုးတောင်အစပ်နေရာတွေမှာ အင်အားအလုံးအရင်းထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။