မန္တလေးမြို့မှာ ငလျင်ထပ်လှုပ်

0 62
0 62

မြေလတ်အသံ၊ ဩဂုတ်၂၁၊ ၂၀၂၅။

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် အဆောက်အဦတွေ ဖြိုချနေစဉ်မှာပဲ ပုသိမ်ကြီးမြို့နယ်အနီးကို အခြေပြုပြီး အင်အား ၃.၄ အဆင့်ရှိ မြေငလျင် ၁ ခု လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်၂၁ရက် ဒီနေ့ နေ့လယ် ၂ နာရီ ၂၃ မိနစ်မှာ ပုသိမ်ကြီးမြို့ရဲ့ မြောက်ဘက် ၇ မိုင်အကွာကို ဗဟိုပြုပြီးအင်အား ၃.၄ အဆင့်ရှိ ငလျင် ၁ ခုထပ်မံလှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ငြိမ်နေတာကြာပြီ။ အခု အသံကြီးအရင်လာပြီး တချက်ထဲ အုံးခနဲ ဆောင့်လှုပ်သွားတာ။ အပျက်အစီးတော့ မရှိဘူး။ အချိန်သာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြာရင်တော့ အပျက်အစီးရှိနိုင်တယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

မတ်၂၈ ရက်က လူဦးရေထောင်နဲ့ချီ သေဆုံးခဲ့တဲ့ ငလျင်ကြီးအပြီးမှာ ပြိုပျက်ခဲ့တဲ့ အဆောက်အဦတွေကို မန္တလေးမြို့‌‌မှာ ဖြိုချနေစဉ် ယခုလိုငလျင်တွေထပ်လှုပ်တာလို့ ဆိုပါတယ်။

မန္တလေးမြို့က SKY Villa ကွန်ဒိုမှာလည်း ယခုအထိ ရုပ်အလောင်းထုတ်ယူလို့မပြီးသေးဘဲ စုစုပေါင်းရုပ်‌‌အ လောင်း ၁၈၀ နီးပါးထုတ်ယူထားနိုင်ပြီလို့ သိရပါတယ်။

အလကားတူ မြို့တွင်းက ဟိုတယ်တွေနဲ့ နေအိမ်တချို့လည်း ဖြိုဖျက်နေဆဲဖြစ်ပြီး ဒီနေ့လည်း လမ်းတွေ ပိတ်ကာ အဆောင်အဦတွေဖြိုချနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့မှာ ငလျင်ငယ်တချို့လှုပ်ခတ်ခဲ့လို့ မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။