စလင်းနယ်ထဲက လူငယ်တွေအများဆုံးပါဝင်တဲ့ PDF စစ်သင်တန်းဆင်းပွဲ( Reel)

စလင်း၊ ဇူလိုင် ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ် အခြေစိုက်ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က သင်တန်းသားအသစ်တွေပါဝင်တဲ့အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

မေ ၂၀ ရက်မှာစတင်ခဲ့တဲ့ ၁ လခွဲကြာသင်တန်းကို သင်တန်းသားအသစ် ၃၂ ဦး တက်ရောက်ခဲ့ပြီး ဇူလိုင် ၁၂ ရက်မှာ သင်တန်းဆင်းပွဲလုပ်ခဲ့တာလို့ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

“သင်တန်းဆရာတွေကတော့ အပတ်စဉ် ၁ က သင်တန်းပေးထားတဲ့ ဆရာတွေကပဲ သင်တန်းပေးခဲ့တာပါ၊ ကျနော်တို့ကတော့ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့အတွက် ပြောက်ကျားစစ်နည်းဗျူဟာ၊ သင်တန်းပဲပေးခဲ့တာ သင်တန်းဆင်းပွဲမှာတော့ သင်တန်းသားတွေကို လက်နက်တပ်ဆင်ပေးတာတော့ မလုပ်နိုင်သေးဘူး၊ အသက်ပေးဖို့တော့ ရဲဘော်တွေက အဆင်သင့်ဖြစ်နေပြီ၊ လက်နက်တော့ အဆင်သင့်မဖြစ်သေးဘူး”လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

ဒါ့အပြင် သင်တန်းသားအသစ်တွေဟာ စလင်းဒေသတဝိုက်ကအသက် ၂၀ ကျော်လူငယ်တွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲနေ့မှာတော့ ကျမ်းသစ္စာကျိန်ဆိုတာ၊ စစ်ရေးပြတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။