ပွင့်ဖြူ၊ ဇူလိုင် ၅၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာ အနောက်ဘက် ချောင်းဖြူပေါင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။
ခလရ ၂၅၃၊ ခလရ ၂၅၄ နဲ့ ခလရ ၂၅၅ က အင်အား ၈၀ ပါ စစ်ကြောင်းကို ဇူလိုင် ၄ ရက် နေ့လယ် ၁၂ နာရီကနေ ၁၂ နာရီ ၄၀ မိနစ်အထိ ရေပုတ်ကလေးကျေးရွာ အနောက်ဘက် ချောင်းဖြူပေါင်းကျေးရွာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၄၀ ခန့်အတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေကာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် သတင်းတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ချောင်းဖြူပေါင်းကျေးရွာကို ပြန်ဆုတ်ခွာပြေးသွားတယ်လို့ ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ မင်းဘူးခရိုင် တပ်ရင်း ၄၊ ပေါက် ပကဖ၊ ပခုက္ကူ ပကဖ၊ ပခုက္ကူ PPDF နဲ့ 7 Stars ဗိုလ်စနေအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် – HP