myaelatt athan

Sharing Information to the Local

ရှေ့တန်းပြန် PDF တွေကို သပြေပန်းနဲ့ကြိုပြီး ကျပ် ၁ သိန်းစီထောက်ပံ့ပေး (ရုပ်/သံ)

စစ်ကိုင်း၊ ဇူလိုင် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ပြန်လာတဲ့ Ar Lar Wa Ka LPDF နဲ့ Fighter One တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက သပြေပန်းနဲ့ကြိုဆိုပြီး ကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် Ar Lar Wa Ka LPDF တာဝန်ခံဆီက သိရပါတယ်။

၂၀၂၄ နိုဝင်ဘာကနေ ၂၀၂၅ ဇွန်အထိ အထက်ပါဒေသတိုက်ပွဲမှာ ၈ လကြာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ဇူလိုင် ၂ ရက်မှာ ပြန်ရောက်လာတဲ့ Ar Lar Wa Ka LPDF နဲ့ Fighter One တပ်ဖွဲ့ဝင် ၁၁ ဦး အတွက် ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။

“ ကျနော်တို့အဖွဲ့ သီးသန့်သွားတာမဟုတ်ဘူး၊ အဖွဲ့ပေါင်းများစွာနဲ့ သွားတာ။ ကျနော်တို့က ၂ ဖွဲ့ပေါင်း ၁၁ ဦးပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ၃ ဦးဗျ၊ ၃ ဦးစလုံးပြန်လာနိုင်ခဲ့တယ်။” Ar Lar Wa Ka LPDF တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း Fighter One က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ Ar Lar Wa Ka LPDF ကလည်း တပ်ဖွဲ့ဝင် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ရဲဘော်တွေကတော့ ယင်းမာပင်ခရိုင်က ဗိုလ်သံမဏိလက်အောက်ကနေမှ သွားကြတာပါ။ ပြန်လာတဲ့အခါမှာ ပြည်သူလူထုက ကြိုဆိုကြတယ်၊ ကြိုဆိုတဲ့ပြည်သူလူထုကို တော်လှန်ရေးရဲ့အရွေ့ဘယ်လောက်ရောက်နေပြီဆိုတာတွေ ပြည်သူလူထု ခွန်အားဖြစ်စေမဲ့စကားတွေ တော်လှန်ရေးကိုဒီထက်မက ပါဝင်ဖို့ဆိုတာကိုလည်း ဟောပြောပွဲတွေလုပ်ဆောင်ခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။