myaelatt athan

Sharing Information to the Local

ပုလဲတိုက်ပွဲကိုဗုံးလာကြဲတဲ့ တိုက်လေယာဥ်ကို ဘယ်လိုပစ်ချနိုင်ခဲ့သလဲ ( အင်တာဗျူး)

0
0

မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းနဲ့ ပျူစောထီးအထိုင်ချတပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲတွေကို ဗုံးလာကြဲတဲ့ တိုက်လေယာဥ် ၁ စီးကို ဇွန် ၁၀ ရက် ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ ပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေထံကသိရသလို ပြည်သူ့လွတ်မြောက်ရေးတပ်-PLA ကလည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်လေယာဥ်ဟာ စပါးစီးရွာဘုန်းကြီးကျောင်းအတွင်း ပျက်ကျမီးလောင်ပျက်စီးခဲ့ပြီး လေယာဥ်မောင်းနှင်သူရဲ့ ပေါက်ကွဲသေဆုံးထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေတွေ့ရှိထားကာ ပျက်ကျလေယာဥ်အပိုင်းအစတွေအရ တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစားဗုံးကြဲတိုက်လေယာဥ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတိုက်လေယာဥ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ PLA တပ်ဖွဲ့က ပစ်ချနိုင်ခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မြေပြင်တိုက်ပွဲအတွင်းရှိနေတဲ့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကို မေးမြန်းထားပါတယ်။

ဒီကနေ့ ၉ ရက်မြောက်အထိ ပြင်းထန်နေတဲ့ ပုလဲတိုက်ပွဲကို စစ်ကောင်စီက နေ့စဥ်လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။

စစ်ကောင်စီကတော့ အဆိုပါတိုက်လေယာဥ်ဟာ ရုတ်တရက်စက်ချို့ယွင်းတာကြောင့် ပျက်ကျခဲ့တာ ဖြစ်ကြောင်း ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။