myaelatt athan

Sharing Information to the Local

ပုလဲတိုက်ပွဲမှာ စစ်ကောင်စီတိုက်လေယာဥ်တစီး ပျက်ကျမီးလောင်(ရုပ်/သံ)

0
0

စစ်ကောင်စီတိုက်လေယာဥ်ကို ပစ်ချနိုင်ကြောင်း PLA ထုတ်ပြန်

မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကတိုက်ပွဲတွေကို လေကြောင်းကနေဗုံးလာကြဲတဲ့ တိုက်လေယာဥ် ၁ စီး ပျက်ကျခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

ဇွန် ၁၀ရက် ဒီနေ့မနက် ၁၂ နာရီ ၁၀ မိနစ်မှာ ပုလဲမြို့နယ်အတွင်းကိုလှည့်ပတ်ပစ်ခတ်နေတဲ့ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး ပျက်ကျခဲ့တာဖြစ်ပြီး နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲကာ မီးလောင်နေတယ်လို့ သိရပါတယ်။

“လက်နက်အကြောင်းတော့မပြောတော့ဘူး။ ပစ်ချနိုင်လိုက်တယ်။မီးလောင်တဲ့ အိမ်ကလည်း ဖုန်းဆက်ပြောတယ်။အခုတော့ အကုန်ပျော်နေကြတယ်”လို့ တော်လှန်ရေး ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဥ်တစီးကို ပစ်ချနိုင်ခဲ့ကြောင်း ကနဦးထုတ်ပြန်ထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ကန့်ဒေါင့်ရွာနယ် မြေရဲစခန်းကို PLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေပြီး စစ်တပ်က ၉ ရက်မြောက်နေ့အထိ လေယာဉ်နဲ့လာကြဲနေတာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။