myaelatt athan

Sharing Information to the Local

စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကရတဲ့ ပစ္စည်းတွေနဲ့ မီးရှို့ခံရတဲ့ရွာကို မီးရအောင် ပြန်လုပ်ပေး(ရုပ်/သံ)

0
0

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅။

ဆီးမီးခုံ(ဆမိတ်ခုံ)မြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံက Cable ကြိုးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သွားယူလာပြီး မြင်းခြံမြို့ထဲက မီးရှို့ခံရတဲ့ရွာတရွာကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ Myingyan Black Tiger ( MBT) အဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံ(ဆမိတ်ခုံ)မြို့ရဲ့ လျှပ်စစ်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဓါတ်အားပေးစက်ရုံထဲထိဝင်ပြီး မြင်းခြံခရိုင်တပ်ရင်း – ၉(MBT) အဖွဲ့က ဝင်ယူခဲ့ကြတာပါ။

အဲ့ဒီစက်ရုံဟာ စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေထဲမှာရှိတာဖြစ်တဲ့အတွက် MBT အဖွဲ့က လုံခြုံရေးအပြည့်နဲ့ အရဲစွန့်ကာ ဝင်ယူလာခဲ့ကြတာဖြစ်တယ်လို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီစက်ရုံကရလာတဲ့ Cable ကြိုးတွေအပါ လျှပ်စစ် ဆက်စပ်ပစ္စည်းတွေအသုံးပြုကာ မြင်းခြံမြို့နယ်ထဲက ကျေးရွာတရွာကို ဖေဖော်ဝါရီ ၁၆ ရက်မှာ မီးပြန်လည်ရရှိအောင်လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာ လျှပ်စစ်မီးရအောင် လုပ်ဆောင်ရာမှာလည်း Myingyan Black Tiger တပ်ဖွဲ့က လျှပ်စစ်ကျွမ်းကျင် ရဲဘော်တချို့နဲ့ ပြည်သူတချို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လျှပ်စစ်မီးရအောင် သွယ်တန်းပြီးနောက် အသုံးမလိုဘဲ ပိုနေတဲ့ ပစ္စည်းတချို့ကိုတော့ ပြန်ရောင်းပြီး ရလာတဲ့ငွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စာတည်း – ချယ်ရီ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။