myaelatt athan

Sharing Information to the Local

အလောင်းမပါဘဲပြုလုပ်ခဲ့တဲ့ ကျဆုံး PDF တဦးရဲ့ဈာပန (ရုပ်/သံ)

0
0

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရဲစခန်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရပြီးနောက် ကျဆုံးခဲ့တဲ့ Myingyan Black Tiger က တပ်ဖွဲ့ဝင်တဦးရဲ့စျာပနကို ဖေဖော်ဝါရီ ၂၃ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ကျဆုံးသူဟာ Myingyan Black Tiger (MBT) အဖွဲ့က အသက် ၄၀ အရွယ် တပ်ဖွဲ့ဝင်မိုးကြိုးဖြစ်ပြီး အလောင်းပြန်မရတဲ့အတွက် အလောင်းမပါတဲ့သူ့ရဲ့ဈာပနအခမ်းအနားကို မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက ရှေ့တန်းတနေရာမှာ ကျန်တပ်ဖွဲ့ဝင်တွေက ပြုလုပ်ပေးခဲ့ကြတာပါ။

တပ်ဖွဲ့ဝင်မိုးကြိုးဟာ အခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဖမ်းခံထားရချိန်မှာကျဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သူဟာ ၂၀၂၄ ဇူလိုင်လမှာ MBT တပ်ဖွဲ့ဆီဝင်လာခဲ့သူဖြစ်ပြီး မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေအတွက် သတင်းပိုင်းဆိုင်ရာနဲ့ဖောက်ခွဲရေးဆိုင်ရာကို တာဝန်ယူထားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။