စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အနုပညာရှင်နဲ့ဆယ်လီတွေဆီက စျေးယူရောင်းရင် ဖမ်းဆီးမယ်လို့ဆို(ရုပ်/သံ)

0 4
0 4

မြေလတ်အသံ၊ ဇွန် ၃၊ ၂၀၂၅။

အဆိုတော်ချမ်းချမ်း၊ လူရွင်တော် အောင်သော်၊ ပန်ဆယ်လိုအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရောင်းချသည့် ပစ္စည်းများအား ဝယ်ယူ/ဖြန့်ဖြူးသူတွေကို အကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ်လို့ စစ်ကောင်စီပိုင်သတင်းဌာနတွေကတဆင့် ဒီနေ့ဇွန် ၃ ရက်မှာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကဖော်ပြထားတဲ့စာရင်းမှာ အဆိုတော်ချမ်းချမ်း၊ ပန်ဆယ်လို၊ လူရွှင်တော်အောင်သော်၊ အိုင်ရင်း၊ ဇွန်နီလာဌေး၊ သင်းသင်းနွယ်၊ ခိုင်စုလွင်၊ ထက်နီနီသန်း၊ ချမ်းမြမြသော်တို့ပါဝင်ပြီး သူတို့ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာ၊ တဆင့်ပြန်လည်ရောင်းချပေးတာနဲ့ ဆက်သွယ်တာတွေပြုလုပ်ရင် အကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ပြည်ပနိုင်ငံရောက်နေတဲ့ အဆိုတော်ချမ်းချမ်းတင်ပို့ပေးတဲ့ ပစ္စည်းတွေကို ဖြန့်ဝေရောင်းချပေးတဲ့အတွက် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၁ x ၈၂ လမ်းကြား၊ ၃၃ လမ်းနေ မဖြူဖြူနှင်းနဲ့ ရန်ကုန်တိုင်းဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၅၄ ရပ်ကွက် ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့်၊ အမှတ် (၃/က)နေ ကိုဘုန်းမြင့်အောင်တို့ကို ဧပြီ ၁၃ ရက်နဲ့ မေ ၈ ရက်မှာဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

မဖြူဖြူနှင်းနဲ့ ကိုဘုန်းမြင့်အောင်တို့ဟာ အဆိုတော်ချမ်းချမ်းတင်ပို့ပေးတဲ့နိုင်ငံခြားပစ္စည်းတွေကို ဖြန့်ဝေရောင်းချတာ၊ CDMပြုလုပ်ဖို့လှုံ့ဆော်တာ၊ ဆူပူအုံကြွမှုဖြစ်အောင် Social Media ကနေတဆင့်ရေးသားလှုံ့ဆော်တာအပြင် အဆိုတော်ချမ်းချမ်းဆီကတဆင့် တော်လှန်ရေးတပ်ဖွဲ့တွေကိုငွေကြေးထောက်ပံ့ပေးတဲ့အတွက် ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲထားပြီး တခြားပုဒ်မတွေနဲ့ပါ တရားစွဲသွားမယ်လို့လည်း ဆိုထားပါတယ်။

အဆိုတော်ချမ်းချမ်းဟာ လိုင်စင်မရှိပဲလက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နဲ့ အင်္ကျီစတဲ့ အသုံး အဆောင်ပစ္စည်းတွေကို အွန်လိုင်း မှတစ်ဆင့် ရောင်းချပြီး ပြည်တွင်းကို တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူ ဖြစ်တဲ့ အပြင် ရရှိလာတဲ့ငွေကြေးတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတဲ့သူဖြစ်တယ်လို့လည်းဆိုထားပါတယ်။⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။