မြေလတ်အသံ၊ ဇွန် ၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းသိမ်းတိုက်ပွဲကို အခုနှစ် ဧပြီ ၂၁ ရက်က စတင်တင်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ Nighthawks က ဇွန် ၁ ရက် ဒီနေ့မှာထုတ်ပြန်လာပါတယ်။
KNLA တပ်မဟာ ၃ ဒရုန်းတပ်ဖွဲ့၊ တပ်မဟာ ၃ တပ်ရင်း ၈ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ KNLA ပူးပေါင်းတပ်တို့နဲ့အတူ တပ်မဟာ ၃ တပ်ရင်း ၇ KNLA Nighthawks ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မေလ ၃ ရက်မနက်ပိုင်းမှာ အဆိုပါစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တာပါ။
ဒီစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် ကွမ်းဆိပ်နယ်မြေတဝိုက် ပြန့်ကျဲထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။