myaelatt athan

Sharing Information to the Local

မိုးဆက်တိုက်ရွာပြီး ချောင်းရေတက်လို့ BLDFရဲ့ ရိက္ခာဂိုထောင်နဲ့အဆောင်တချို့ပျက်စီး (ရုပ်/သံ)

ဘုတလင်၊ မေ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ မေ ၂၅ ရက်ညပိုင်းကနေ ဒီနေ့ မေ ၂၉ အထိ မိုးသည်းထန်စွာရွာတာကြောင့် ချောင်းရေတက်ပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDFရဲ့ ရိက္ခာဂိုထောင်နဲ့အဆောင်တချို့ပျက်စီးခဲ့တယ်လို့ အဆိုပါတပ်ရင်းဆီကသိရပါတယ်။

မေ ၂၅ ရက်ညပိုင်းမှာ မိုးစတင်ရွာပြီး ချောင်းရေတက်လာတာကြောင့် မေ ၂၆ ရက်မနက်မှာ စခန်းအတွင်းမှာရှိတဲ့ ရိက္ခာဂိုထောင်နဲ့ အမျိုးသမီးအဆောင်တလုံးပျက်စီးကာ ရေစက်၊ မီးစက်နဲ့ဆိုင်ကယ်အချို့လည်းရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ Burma Liberation Democratic Front-BLDFရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နာရွဲ့ဆွမ်ကပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး အဆောင်တွေ ရေနစ်မြုပ်ချိန်အတွင်းမှာ မပျက်စီးတဲ့ စခန်းတွေအတွင်း ဝင်ရောက်နေထိုင်နေကြရတယ်လို့လည်းဆက်ပြောပါတယ်။

ဒါ့အပြင် ရေနစ်မြုပ်ကာ ရေတိုက်စားမှုကြောင့် ကာလတန်ဖိုးသိန်း ၁၀၀ ခန့်ဆုံးရှုံးခဲ့ရတဲ့အတွက် စခန်းပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း ရဲဘော်နာရွဲ့ဆွမ်ကပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ ချောင်းရေအနည်းငယ်ကျသွားတာကြောင့် ရေနစ်မြုပ်သွားတဲ့ပစ္စည်းတွေကို ဆယ်ယူတာ စခန်းတွေအတွင်း သဲအိတ်ဖို့တာတွေလုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။