myaelatt athan

Sharing Information to the Local

ပေါက်မြို့နယ်က စစ်ရှောင်တွေကို ကျပ်သိန်း ၁,၅၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

ပေါက်၊ မေ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရွာ ၂ ရွာက စစ်ရှောင်အိမ်ထောင်စု ၃၇၅ စုကို မေ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

မေ ၂၆ ရက်မှာ ဖိုးဖြူလုံးကန်ကျေးရွာက အိမ်ထောင်စု ၂၃၀ ကို ၁ ကြိမ်၊ မေ ၂၇ ရက်မှာ အိုင့်ကိုင်းကျေးရွာက အိမ်ထောင်စု ၁၄၅ စုကို ၁ ကြိမ် ၁ အိမ်ထောင်ကို ငွေကျပ် ၄ သိန်း ၁ သောင်း ၅ ထောင်နှုန်းနဲ့ စုစုပေါင်းသိန်း ၁,၅၀၀ ကျော်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့ကြားထဲက လမ်းလျှောက်လိုက် ဆိုင်ကယ်စီးလိုက် စက်လှေစီးလိုက်နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြားထဲကသွားရောက်ခဲ့ရတာပါ”လို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖိုးဖြူလုံးကန်ကျေးရွာက ဒေသခံတွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စတင်စစ်ရှောင်နေရတာဖြစ်ပြီး အိုင့်ကိုင်းရွာက ဒေသခံတွေကတော့ ၂၀၂၃ ခုနှစ်အတွင်းကတည်းက စစ်ရှောင်နေကြရတာလို့ သူက ဆက်ပြောပါတယ်။

အဆိုပါကျေးရွာ ၂ ရွာက စုစုပေါင်းလူဦးရေ ၁,၆၀၀ ကျော်စစ်ရှောင်နေကြရတာဖြစ်ပြီး မြို့နယ်အတွင်းကအလှူရှင်တွေရဲ့လှူဒါန်းထောက်ပံ့မှုနဲ့ ရပ်တည်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။