myaelatt athan

Sharing Information to the Local

လေကြောင်းအန္တရာယ်ကြုံတွေ့ရချိန် လုပ်ဆောင်ရမယ့်အချက်တွေကို အသိပညာပေးဟောပြော သရုပ်ပြ(Reel)

0 5
0 5

မြေလတ်အသံ၊ မေ ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ တပ်ဖွဲ့ဝင်တွေက လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးတာနဲ့ လေကြောင်းတိုက်ခိုက်မှု ကြုံလာချိန်မှာ လုပ်ဆောင်ရမယ့်အချက်တွေကို လက်တွေ့သရုပ်ပြဟောပြောမှု ပြုလုပ်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး အခုမေလအတွင်းမှာပဲ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၆ ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူ ၁၁ ဦးသေဆုံးထားပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ အသီးသီးတူးဖော်နေထိုင်နေရတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။