တပ်ရင်းမှာပြုလုပ်တဲ့ PDF စုံတွဲရဲ့ မင်္ဂလာပွဲ (Reel)

ယင်းမာပင်၊ မေ ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော်က တပ်ဖွဲ့ဝင် အောင်မိုးဇော်နဲ့ တပ်ဖွဲ့ဝင် ခိုင်ရွှေဝါတို့ရဲ့ မင်္ဂလာပွဲကို မေ ၂၂ ရက်မှာ တပ်ရင်းကဦးဆောင်ပြီး ကျင်းပပေးခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ တခြားဒေသကနေ လာရောက်တာဝန်ထမ်းဆောင်သူတွေဖြစ်တာကြောင့် တပ်ရင်းကတပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့သာ ကျင်းပပေးနိုင်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးအခြေအနေတွေကြောင့် မင်္ဂလာပွဲကို အကျဉ်းချုံး ကျင်းပပေးခဲ့ပြီး မင်္ဂလာအထိမ်းအမှတ်အဖြစ် တပ်ရင်းရဲဘော်တွေကို မင်္ဂလာဇနီးမောင်နှံက အသားဟင်းနဲ့ ထမင်း ၁ နပ်ကျွေးမွေးခဲ့တယ်လို့လည်း သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။