myaelatt athan

Sharing Information to the Local

⁨ဒီပဲယင်း စာသင်ကျောင်းဗုံးကြဲမှု ကလေး ၂၀ ကျော်အပါအစုလိုက်အပြုံလိုက်သေဆုံး

ဒဏ်ရာရသူတွေအတွက် ဆရာဝန်မလုံလောက်ဖြစ်နေ (ရုပ်/သံ)

ဒီပဲယင်း၊ မေ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစုလိုက်အပြုံလိုက်သေဆုံးပြီး လက်ရှိမှာ ကလေးအလောင်းတွေအပါ အလောင်း ၂၀ ကျော်တွေ့ရှိထားတယ်လို့ ဒီပဲယင်းဒေသခံတွေဆီက သိရပါတယ်။

မေ ၁၂ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးချ တိုက်ခိုက်ခဲ့ရာ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေချိန် သေဆုံးအလောင်း ၂၀ ကျော် ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်ကယ်ထားနိုင်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့စာသင်ကျောင်း ၁ ထပ်ဆောင် ပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်ရှာဖွေရေးတွေလုပ်ဆောင်နေကာ ဒဏ်ရာရသူတွေအတွက်လည်း ဆရာဝန်အင်အားမလုံလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

မေလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းကနေ ခပ်စိပ်စိပ်တိုက်ခိုက်တဲ့အတွက် ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ညနေပိုင်းမှာ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးနဲ့ကြဲချတိုက်ခိုက်လို့ ဒေသခံ ၈ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။