တိုက်ပွဲကျ BTZM GBK တပ်ဖွဲ့ဝင်ကို သင်္ဂြိုဟ် (ရုပ်/သံ)

0 3
0 3

ကြို့ပင်ကောက်၊ ဧပြီ ၂၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းမှာကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို သင်္ဂြိုဟ်ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့၊ တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၂ ထံက သိရပါတယ်။

ကျဆုံးသူဟာ BTZM GBK PDF က အသက် ၂၄ နှစ်အရွယ် တပ်ဖွဲ့၀င် စွန်ရဲ ဖြစ်ပြီး ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီမှာ အလောင်းကိုမြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၂ တပ်ခွဲမှူး တေဇမင်းက ပြောပါတယ်။

တပ်ဖွဲ့၀င် စွန်ရဲ ဟာ ဧပြီ ၂၄ ရက် နံနက် ၉ နာရီမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာလို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းနယ်မြေရဲကင်းစခန်းက စစ်အုပ်စုဝင်တွေ ကြို့ပင်ကောက်မြို့ပေါ် ဆိုင်ကယ်တွေနဲ့သွားတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က ပစ်တဲ့ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာပါ။

အဆိုပါ ကျဆုံးရဲဘော်ရဲ့ နာရေးကို BTZM GBK PDF မှ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေက လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့၀င် စွန်ရဲဟာ အိမ်ထောင်ရှိသူတဦးဖြစ်ပြီး BTZM GBK PDF တပ်ဖွဲ့ရဲ့ ပထမဆုံးကျဆုံးသူလည်း ဖြစ်ပါတယ်။

သတင်း – မောင်ဆွေအင်း၊ တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။