myaelatt athan

Sharing Information to the Local

ရေနံ့သာရဲစခန်းမှူးနဲ့အဖွဲ့ လက်နက်ချမယ်ပြောလို့ အပစ်ရပ်ပေးချိန် နောက်ဖေးပေါက်က ထွက်ပြေး (ရုပ်/သံ)

ကံမ၊ ဧပြီ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံသာကျေးရွာရဲစခန်းကိုတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် မတော် သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။

ဧပြီ ၂၅ ရက် ယမန်နေ့မနက် ၅ နာရီခန့်မှာ ရဲအုပ် မြတ်သွင်အောင် ဦးစီး အင်အား ၁၇ ဦးခန့်ရှိ အဆိုပါရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ရဲတွေဘက်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲဖြစ်တော့ ကျနော်တို့ဘက်က လက်နက်ချဖို့ဆော်ဩတော့ လက်နက်ချပါ့မယ် ဆိုပြီးပြောတဲ့အခါမှာ အပစ်ရပ်လိုက်တာ” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်က အပစ်ရပ်လိုက်ချိန် စခန်းမှူးအပါ ရဲ ၁၆ ဦးက ၎င်းတို့ကိုယ်စီကိုင်ဆောင်တဲ့ လက်နက်တွေယူဆောင်ကာ စခန်းအနောက်ပေါက်ကနေ ရေနံ့သာချောင်းကတဆင့် လယ်ကွင်းတွေထဲ ထွက်ပြေးသွားတယ်လို့ ၎င်းက ဆိုပါတယ်။

ရဲတွေ ထွက်ပြေးသွားပြီးနောက်စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန် ရဲတပ်ကြပ်အဆင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိခဲ့ပြီး BA 63 (G3) ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ ကျည်မျိုးစုံ ၁,၀၀၀ ကျော် ၊ ကား ၂ စီး ၊ ဆိုင်ကယ် ၄စီးတို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းနိုင်ခဲ့ကာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို သရက်ခရိုင်အမှတ် ၄ တပ်ရင်းက တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းတုန်း ၅ မိုင်ဂိတ် အခြေချ စစ်ကောင်စီဂိတ်ကနေ လက်နက်ကြီး ၃ ချက်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရေနံသာ ရဲစခန်းသိမ်းတိုက်ပွဲအဖြစ်ဖော်ဆောင်တာက ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၃ က ဒရုန်းနဲ့ ၁ ကြိမ်၊ ၂၀၂၂ က ပြောက်ကျားတိုက်ခိုက်မှု ၁ ကြိမ်ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။