myaelatt athan

Sharing Information to the Local

⁨8+အညာမြေစစ်ဆင်ရေးအဖွဲ့ရဲ့ ပထမအကြိမ်မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်၊ ဧပြီ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ခံ 8+အညာမြေစစ်ဆင်ရေးအဖွဲ့က ပထမအကြိမ်မွမ်းမံသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဧပြီ ၂၅ ရက်မှာ အဲ့ဒီအဖွဲ့ကထုတ်ပြန်ပါတယ်။

အဆိုပါမွန်းမံသင်တန်းမှာ မတ် ၂၃ ရက်ကစတင်ခဲ့ပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၃ ဦး နဲ့ အမျိုးသားတပ်ဖွဲ့ဝင် ၄၂ ဦး တို့ပါဝင်ပြီး သင်တန်းဆင်းပွဲကိုတော့ ဧပြီ ၂၃ ရက်မှာ နေ့လယ် ၃ နာရီကနေ ၅ နာရီထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး၊ ကာကွယ်‌ရေး၊ တရားဥပဒေစိုးမိုးရေး အပြင် လက်နက်ကိုင်စည်းကမ်း၊ စစ်ရာဇဝတ်မှုများ မကျူးလွန်ဖို့အတွက်ရည်ရွယ်ကာ ဒီသင်တန်းကိုပြုလုပ်ခဲ့တာလို့ 8+အညာမြေစစ်ဆင်ရေးအဖွဲ့ဝင် M.V.P Revolution Force အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကိုရှိုင်းကပြောပါတယ်။

ပါဝင်တက်ရောက်ခဲ့တဲ့ သင်တန်းသား ၄၅ ဦးဟာ 8+အညာမြေစစ်ဆင်ရေး အဖွဲ့ဝင် ၈ ဖွဲ့က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သင်တန်းကိုတော့ အတွေ့အကြုံရှိတဲ့ တပ်ဖွဲ့ဝင်တွေက ပြန်လည် သင်ကြားပေးခဲ့တာလို့လည်း 8+အညာမြေစစ်ဆင်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဆံရှည်က ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းကာလအတွင်း ထူးချွန်သင်တန်းသားတွေကို
လက်ဖြောင့် ဆု၊ ဇွဲဆု၊ စံပြဆု၊ အနစ်နာခံဆု တွေအဖြစ်ငွေသား ချီးမြှင့်ခဲ့ပြီး လေကြောင်းအန္တရာယ်ကြောင့် အခမ်းအနားကိုအကျဥ်းချုံးပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။