သရက်ခရိုင်အတွင်း USBA တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းစစ်ဆေးရေးလုပ် (REEL)

0 8
0 8

သရက်၊ ဧပြီ ၆၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ ပုသိမ်-မုံရွာလမ်းနဲ့ သရက်-မင်းတုန်းလမ်းပိုင်းမှာ ဧပြီ ၆ ရက် ဒီကနေ့မနက်ပိုင်းက United State Of Burma Army တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အရပ်သားဟန်ဆောင်ပြီး ခရီးသည်ကားတွေနဲ့ လိုက်ပါလာတတ်တာကြောင့် ခုလိုစစ်ဆေးခဲ့တာလို့ United State Of Burma Army ရဲ့တာဝန်ခံ ဗဟိန်းက ပြောပါတယ်။

“ပြီးတော့ သူတို့တွေရဲ့ လက်နက်ခဲယမ်းပဲဖြစ်ဖြစ် ရိက္ခာပဲဖြစ်ဖြစ် ပို့ဆောင်တဲ့နေရာမှာ အရပ်သားအယောင်ဖျောက်ပြီး ပို့ဆောင်ကြတာတွေရှိပါတယ်။ ဒီနွေဦးတော်လှန်ရေးအတွက် အထောက်အကူ တစုံတရာဖြစ်ဖို့အတွက် ရှေ့ဆက်လုပ်မယ့်ရှေ့ရည်မှန်းချက်တွေအတွက် အကြမ်းဖက်စစ်ကောင်စီကို ဖြတ်တောက်ရေးလုပ်တဲ့အနေနဲ့ လမ်းပိုင်းစစ်ဆေးရေးတွေလုပ်တာပါ။” လို့ သူကပြောပါတယ်။

ဒါ့အပြင် USBA တပ်ဖွဲ့ဝင်တွေအနေနဲ့ ငွေကြေးတောင်းတာ၊ ပြည်သူလူထုကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ၊ အရက်သေစာသောက်စားထားတာ၊ စစ်ဆေးမေးမြန်းဖို့လိုတာထက်ပိုပြီး ခရီးကြန့်ကြာအောင်လုပ်တာတွေရှိခဲ့ရင် ထိရောက်စွာစစ်ဆေးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။