⁨ငလျင်ကြောင့်သေဆုံးခဲ့ရတဲ့ ကျောက်ဆည်မူကြိုက ကလေးတွေအပါ ၂၇ ဦးကို အမိန့်ပြန် (ရုပ်/သံ)

0 11
0 11

ကျောက်ဆည်၊ ဧပြီ ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids မူကြိုကျောင်းမှာ ငလျင်ကြောင့်သေဆုံးခဲ့တဲ့ ကလေးငယ်တွေအပါ ၂၇ ဦးကို ဒီနေ့ ဧပြီ ၂ ရက်မှာ ကျောင်းတည်ထောင်သူမိသားစုက အမျှဝေပြီး အမိန့်စာပြန်ခဲ့တယ်လို့သိရပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ၂ ထပ်ခွဲကျောင်းဆောင်ပြိုကျပြီး ကလေးငယ် ၂၅ ဦး၊ ဆရာမ ၁ ဦးနဲ့ မုန့်ဈေးရောင်းသူ ၁ ဦး စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့တာပါ။

ဒီနေ့မနက် ၈နာရီအထိ နိုင်ငံတဝန်း ငလျင်ကြောင့်သေဆုံးသူဦးရေ ၂,၈၈၆ ဦး၊ ဒဏ်ရာရသူ ၄,၆၃၉ ဦးနဲ့ ပျောက်ဆုံးသူ ၃၇၃ ဦး ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။