ယင်းမာပင်ခရိုင် တပ်ရင်း ၆ က မိုင်းထိကျဆုံးရဲဘော်ရဲ့ နောက်ဆုံးခရီး(ရုပ်/သံ)

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲ့ တပ်ဖွဲ့ဝင် ၁ ဦးဟာ ပုလဲမြို့နယ်အင်မထီးပျူစောထီးရွာအနီးမှာ ကာကင်းပွိုင့်ကို‌စောင့်နေရင်း ပျူစောထီးတွေထောင်တဲ့ တိုက်မိုင်းထိပြီး ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ကျဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆက်သွယ်ရေးတပ်ဖွဲ့မှူး ဘုတ်ဆုံမ (ခ) သာထူးဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက် နေ့ခင်းပိုင်းမှာ အင်မထီးပျူစောထီးအနီးကာကင်းပွိုင့်ကို‌စောင့်နေရင်း ပျူစောထီးတွေထောင်တဲ့ တိုက်မိုင်းထိကာဆေးကုသဖို့သယ်လာချိန်မှာသွေးထွက်လွန်ပြီးကျဆုံးခဲ့တာလို့ဆိုပါတယ်။

ကျဆုံးရဲဘော် ဆက်သွယ်ရေးတပ်ဖွဲ့မှူး ဘုတ်ဆုံမ (ခ)သာထူးရဲ့ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့လယ် ၁၁ နာရီကယင်းမာပင်ခရိုင်အတွင်းမှာပဲပြုလုပ်ခဲ့ပါတယ်။

ဈာပနအခမ်းအနားကိုမြို့နယ်ဆက်သွယ်ရေးတာဝန်ခံ‌တွေ၊ ယင်းမာခရိုင် တပ်ရင်း ၇ တာဝန်ခံ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၆ တပ်ရင်းမှူး၊ ယင်းမာပင်မြို့နယ် ပကဖ၊ ယင်းမာပင်မြို့နယ် ပအဖတွေ တက်ရောက်ခဲ့ကြပြီး မီးရှို့သင်္ဂြိုဟ်ခဲ့ကာ အရိုးပြာကို ရက်လည်မှာဂူသွင်းပေးသွားမယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၆ မှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီလို့ သိရပါတယ်။

တည်းဖြတ် -HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။