ဆေးရောင်စုံမြင်ကွင်းကျယ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်တဲ့ တေးရေးနိုင်မြန်မာ (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅။

ကမ္ဘာမကြေဘူး၊ တူနှစ်ကိုယ်တိုင်းပြည်၊ ဝါဆို၊ ပထမဝါဆို၊ ဒုတိယဝါဆို စတဲ့သီချင်းများနဲ့အတူ အချစ်၊ အလွမ်း၊ ခေတ်ပုံရိပ်၊ နိုင်ငံရေးစတဲ့ လူထုဘဝကိုထင်ဟပ်စေတဲ့ တေးသီချင်းများစွာကို ဖန်တီးရေးဖွဲ့ခဲ့သူ တေးရေးဆရာ နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

တေးရေးဆရာ နိုင်မြန်မာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိဖြစ်ပြီး သူဟာ ၈၈ လူထုအုံကြွမှုမှာ တက်ကြွစွာပါဝင်ခဲ့ကာ လူထုရဲ့အသံကို ကိုယ်စားပြုနိုင်ခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကိုလည်း ရေးဖွဲ့ခဲ့ပါတယ်။

လူထုကိုယ်စားပြုတဲ့တေးသီချင်းတွေဖြစ်တဲ့ သီဟနာဒ၊ ဆေးရောင်စုံမြင်ကွင်းကျယ်၊ ရာဇဝင်ပဲဟေ့သီချင်းတွေ၊ အခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခု ဖြစ်လို့ကျန်ခဲ့ပြီ၊ တူနှစ်ကိုယ်တိုင်းပြည်၊ ဝါဆို၊ မောင့်အိပ်မက်မေ စတဲ့ အချစ်၊ အလွမ်းသီချင်းတွေဟာ တေးရေးဆရာ နိုင်မြန်မာ ချန်ထားခဲ့တဲ့သီချင်းတွေထဲက ထင်ရှားတဲ့သီချင်းတွေ ဖြစ်ပါတယ်။ သူဟာ တေးသီချင်းတွေသာမကဘဲ ကဗျာတွေကိုလည်း ရေးသားခဲ့ပါတယ်။

နိုင်မြန်မာရဲ့သားဖြစ်သူ အဆိုတော်ဗျူဟာဟာလည်း လျှပ်စစ်မီးပြတ်တောက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်တွေကို ဝေဖန်ခဲ့တာကြောင့် ၂၀၂၃ မေလမှာ ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀၅ က၊ ၁၂၄ က စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရပါတယ်။

တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန်မာကွယ်လွန်တာနဲ့ပတ်သက်ပြီး သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း ဆရာနိုင်မြန်မာဖန်တီးခဲ့တဲ့ သီချင်းတွေ၊ ကဗျာတွေရဲ့ စာသားတွေကို ရေးသားပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ယက်ပေါ်မှာ မျှဝေနေကြပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။