မန္တလေး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက မန္တလေးတိုင်းထဲမှာ ပြုလုပ်ခဲ့ပြီး တဆက်တည်းမှာပဲ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းတွေတပ်ဆင်ပေးခဲ့ပါတယ်။
အဲ့ဒီအခြေခံစစ်သင်တန်းကို ၂၀၂၄ နိုဝင်ဘာလ ၁၆ ရက်ကစတင်ခဲ့တာဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့နေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာပဲ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
အခြေခံစစ်သင်တန်းကို တိုင်းနဲ့ပြည်နယ် ၈ ခုခန့်က ဝင်ရောက်လာကြတဲ့ သင်တန်းသားအသစ် ၃၀ ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲနေ့မှာပဲ ယူနီဖောင်း အထည် ၃၀ တပ်ဆင်ပေးခဲ့တယ်လို့ ပြောပါတယ်။
ယူနီဖောင်းတပ်ဆင်ရာမှာ တပ်ဖွဲ့ဝင် ၃၀ ဦးအတွက် ကျပ်သိန်း ၁၀၀ ကုန်ကျခဲ့ကာ ဒီငွေတွေကိုတော့ တပ်ရင်း ရန်ပုံငွေနဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မေလ ၂၁ ရက်ကလည်း Zero ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံခရိုင်တပ်ရင်း ၇ က ရဲဘော်တွေကို မွန်းမံသင်တန်းပေးပြီး ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေးခဲ့ပါသေးတယ်။
တည်းဖြတ် – HP