ဗလကသ ဖွဲ့စည်းတည်ထောင်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနား (ရုပ်/သံ)

0 7
0 7

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ – ဗလကသ ဖွဲ့စည်းတည်ထောင်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းက မကွေးတိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ – ဗလကသကို ၂၀၁၅ ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကဗျာဆရာ ရဲရင့်လင်္ကာက ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကဗျာဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မဟာမိတ်အင်အားစုတွေနဲ့ ကဗျာအနုပညာကိုစိတ်ဝင်စားသူတွေက တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဗလကသရဲ့ ၁၀ နှစ်တာအတွင်း လှုပ်ရှားမှုပုံရိပ်တွေ မျှဝေတာ၊ တက်ရောက်လာတဲ့ ကဗျာဆရာတွေနဲ့ မဟာမိတ်အင်အားစုတွေက အမှတ်တရစကားပြောကြားတာနဲ့ တက်ရောက်လာသူတွေက ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နှစ်ပတ်လည်အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဘုတလင်မြို့နယ် သပိတ်အင်အားစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ Burma Poetry စတဲ့ မိတ်ဖတ်အဖွဲ့အစည်းတွေက အမှတ်တရသဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့ကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။