⁨သပိတ်ခေါင်းဆောင်တွေဆန္ဒပြခဲ့တဲ့ မန္တလေးသစ်သီးတန်းကို စစ်တပ်နဲ့ပျူစောထီးတွေဖျက်ဆီး (ရုပ်/သံ)

0 13
0 13

မန္တလေး၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။

သပိတ်ခေါင်းဆောင်‌‌တွေဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုက သစ်သီးတန်းကို ဒီဇင်ဘာ ၄ ရက် ည ၁၂ နာရီမှာ စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးခဲ့ကာ ပြန်ဖွင့်ရင်အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီစျေးတန်းမှာ ဒီဇင်ဘာ ၃ ရက်မနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း၊ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်း၊ စစ်ကိုင်းသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး စစ်အာ‌‌ဏာရှင်တိုက်ဖျက်ရေးနဲ့ ရွေးကောက်ပွဲအတွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

အဆိုပါဆန္ဒပြတဲ့ ရုပ်သံဖိုင်ကို ဒေါက်တာတေဇာဆန်းက ထုတ်ပြန်ပြီးတဲ့နောက် ဒီဇင်ဘာ ၄ ရက် မနေ့ကညပိုင်းမှာ သစ်သီးတန်းကို မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ရပ်ကွက်အလိုက်ဖွဲ့ထားတဲ့ ယူနီဖောင်းအပြာဝတ်ပျူစောထီး)၊ ပျူစောထီးအဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေ ပူးပေါင်းပြီး ဆဲဆိုဖျက်ဆီးခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

” ‘အကြမ်းဖက်အားပေးတွေ၊ နင်တို့ အားပေးတဲ့အကြမ်းဖက်တွေကို လာကယ်ခိုင်း၊ ဒီအချိန်အထိ ဘာဖြစ်လို့ ဖွင့်ထားတာလဲ’ ဆိုပြီး ဆဲတာ။ မအေနှမကိုင်ဆဲတာပေါ့။ အသီးခြင်းတွေအကုန်ဆွဲမှောက်။ ရောင်းမရတော့အောင် ဖျက်ဆီးမှုတွေ လုပ်သွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီအသီးစျေးတန်းဟာ မန္တလေးဈေးချိုရဲ့တောင်ဘက် ၂၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာတည်ရှိတာပါ။

ဒီဇင်ဘာ ၃ ရက်နေ့ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကိုသွားချိန် ဆန္ဒပြမှုဖြစ်ခဲ့ပြီး အဲဒီနေ့ကတည်းက စစ်ကော်မရှင်တပ်တွေဟာ မြို့အဝင်အထွက်ပိတ်ကာ ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါ‌‌သေးတယ်။

သတင်း – မြတ်၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။