PDF အဖွဲ့ပေါင်း ၄၀ ကျော် ပေါင်းကခဲ့တဲ့ တပေါင်းလ စစ်ဆင်ရေး (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ ဧပြီ ၂၉၊ ၂၀၂၃။

စစ်ကောင်စီ စစ်ကြောင်းတွေကို တန်ပြန်တိုက်ခိုက်ဖို့ ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ထားတဲ့ Focal Point (ဆုံမှတ်) ကနေ “တပေါင်းလမှာ ပေါင်းကမယ်” ဆိုပြီး တပေါင်းလ စစ်ဆင်ရေးကို PDF အဖွဲ့ပေါင်း ၄၀ ကျော်က ပြီးခဲ့တဲ့ မတ်လ ၂၀ ကနေ ဧပြီလ ၄ ရက်အထိ ၂ ပတ်အကြာ လုပ်ဆောင်ခဲ့ကြပါတယ်။

ပေါင်းစည်းခြင်းရဲ့ အင်အားနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းသွားဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဒီ စစ်ဆင်ရေးကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်ပြည်နယ် စတဲ့ဒေသတွေက မြေပြင်တော်လှန်ရေး အဖွဲ့တွေအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့၊ ဝေဟင်ဒရုန်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဆင်ရေးလုပ်ခဲ့တဲ့ ၂ ပတ်သာအတွင်းမှာ နှစ်ဘက် သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ဝန်းကျင် သေဆုံးသလို ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ရဲဘော် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းတွေပါ ဆုံးရှုံးလိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက် လေကြောင်းပစ်ကူလို့ စခန်းသိမ်းနိုင်တဲ့အထိ မလုပ်နိုင်ခဲ့ ကြပေမယ့် စစ်အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဒေါက်တိုင်းတွေကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။