ချောင်းဦးလမ်းခွဲက ပျူစောထီးစစ်ဆေးရေးဂိတ်ကို ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး PDF ၁ ဦး တိုက်ပွဲကျ (ရုပ်/သံ)

0 7
0 7

မြေလတ်အသံ၊ နိုဝင်ဘာ ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး- ပခုက္ကူလမ်းဆုံ (ချောင်းဦးလမ်းခွဲ)မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်လက်အောက်ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ PDF ၁ ဦး တိုက်ပွဲကျသေဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ ထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက်မနက် ၅ နာရီခွဲခန့်က ချောင်းဦးလမ်းဆုံက အင်အား ၁၀ ဦးခန့်ရှိ စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်မှ ပျူစောထီးတပ်ဖွဲ့တွေကို အနီးကပ်ရှောင်တခင်ဝင်ရောက်ပစ်ခတ်ရာက အသက် ၂၄ နှစ်အရွယ် အာကာထွန်း(ခ) ကြံဝေမှာ ဦးခေါင်းကို လက်နက်ငယ်ကျည်ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” ပထမ ကျည်ဘောက်ပစ်ပြီး ကျည်ကုန်သွားလို့ နောက်ထပ်ကျည်ဘောက်ပြောင်းတဲ့အချိန်မှာ ဦးခေါင်းပေါ်နေတာ။ ဦးခေါင်းမှန်ပြီးတော့ ဆေးရုံရောက်မှ ကျဆုံးသွားတာ” လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးလမ်းဆုံရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကင်မွန်းတော်ရွာပျူစောထီးတပ်ဖွဲ့ဝင်ဖြစ်ကြောင်းသိရှိရပြီး အပြန်အလှန်ပစ်ခတ်ချိန်မိနစ်ပိုင်းသာကြာမြင့်ခဲ့ကာ ပျူစောထီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

PDF တပ်ဖွဲ့ဝင် အာကာထွန်းရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၃ ရက် ယမန်နေ့ မနက် ၉ နာရီမှာ ချောင်းဦးမြို့နယ်အတွင်းပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေ၊ မုံရွာမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ဒေသတွင်း PDF ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။