⁨ရခိုင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ 96 Soldiers-PDF ၄ နှစ်ပြည့်နဲ့ စစ်သင်တန်းဆင်းပွဲ ( Reels)

0 2
0 2

မြေလတ်အသံ၊ အောက်တိုဘာ ၉၊ ၂၀၂၅။

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်နဲ့ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် – AA ထိန်းချုပ် ဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်မှုဟာ အောက်တိုဘာ ၆ ရက်မှာ ၄ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး အဲ့ဒီအခမ်းအနားနဲ့အတူ စစ်သင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်တနေရာမှာ ပူးတွဲပြုလုပ်ခဲ့ကာ AA အရာရှိတချို့လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

96 Soldiers-PDF အညာတပ်ခွဲအနေနဲ့ ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲတွေမှာလည်း အာရက္ခတပ်တော် AA နဲ့အတူ ပါဝင်တိုက်ခိုက်ပြီး စစ်ရေးအတွေ့အကြုံတွေယူကာ အညာဒေသအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်ဖွဲ့တခုလည်းဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။