မြေလတ်အသံ၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။
စစ်ကော်မရှင်တပ်တွေစိုးမိုးထားတဲ့ မန္တလေးမြို့လယ်တနေရာမှာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့တယ်လို့ ဒေါက်တာတေဇာဆန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။
တော်လှန်စာသားတွေပါဝင်တဲ့ လက်ကမ်းစာရွက်တွေကို မန္တလေးမြို့လယ် လူသွားလူလာများတဲ့လမ်းတလျောက်မှာ ဖြန့်ကြဲရင်း၊ ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကိုသတိရှိကြဖို့ ဆော်သြရင်း ဒီလှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးမှာ ပြည်သူသာအဓိကဖြစ်ပြီး လူထုရဲ့ထောက်ခံမှုပါဝင်နေသ၍ တော်လှန်ရေးက ရှေ့ကိုဦးတည်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုကို ရရာနည်းနဲ့တုံ့ပြန်ကြဖို့လိုအပ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။