Rocket Fighter ခဲယမ်းသိုလှောင်စခန်း ပေါက်ကွဲမှုဖြစ်ပြီး ကျပ်သိန်း ၅၀၀ တန်ဖိုးဆုံးရှုံး (ရုပ်/သံ)

0 14
0 14

ပေါက်၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ခြေကုပ်ယူပြီး စစ်ကော်မရှင်ကို တော်လှန်နေတဲ့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ် ခဲယမ်းသိုလှောင်စခန်း ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် ကျပ်သိန်း ၅၀၀ ဖိုး ဆုံးရှုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီမှာ ဗုံးသီးတွေအတွဲလိုက်ပေါက်ကွဲပြီး နာရီ၀က်လောက် ခဲယမ်းသိုလှောင်ခန်း မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

“ပေါက်ကွဲတာက မနေ့ကပါ၊ အသီးတွေက ထကွဲတာ၊ လူတွေက အထိအခိုက်မရှိဘူး၊ မီးတွေလည်း လောင်သွားတယ်၊ ပစ္စည်းတွေလည်း မီးထဲပါသွားတယ်၊ လျက်ဆားပုလင်း ဗုံးသီးတွေ အတွဲလိုက်ကွဲပြီး မီးတွေထလောင်တာ၊” လို့ Rocket Fighter တာဝန်ခံကပြောပါတယ်။

မီးလောင်မှုကြောင့် ကျည်ကာဦးထုပ် ၄ လုံး၊ ကျောပိုးအိတ် ၄ လုံး၊ ဗုံးသီး ၁၀ လုံး၊ ကျည်ဘောက် ၃ ခု၊ အီကွေ့မန့် ၄ ခု၊ အိုင်ကွန် စကားပြောစက် ၂ လုံး၊ ကလလ သေနက် ၁ လက်၊ MA 3 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ဖိုးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“သိုလှော်ရုံက ၂ ထပ်ဆိုတော့ မျက်နှာကျက်တွေလောင်တယ်၊ အောက်ထပ်ကမလောင်ဘူး၊ အပေါ်ထပ်က မျက်နှာကျက်တွေ သွပ်တွေပေါက်သွားတာ၊ အပေါ်ထပ်က ခဲယမ်းတွေသိုလှောင်တာ၊ အောက်ထပ်မှာက ရဲဘော်တွေနေတာ၊ ရဲဘော်တွေက ထမင်းစားဆောင်မှာ ထမင်းစားနေချိန် ထကွဲတာ၊ အပေါ်ကိုပြေးတက်တဲ့အချိန် လှေခါးနားလောက်မှာ ထပ်ကွဲသေးတယ်၊” လို့ သူကပြောပါတယ်။

ဒီဖြစ်စဥ်အတွင်း တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးတာမရှိခဲ့ဘဲ ပြည်သူ့ငွေနဲ့တပ်ဆင်ထားတဲ့ လက်နက်တွေ အပါအဝင် ပစ္စည်းတွေဆုံးရှုံးသွားတာကြောင့် ပြည်သူတွေကို တောင်းပန်ကြောင်းနဲ့ နိုင်သလောက် ထပ်မံကူညီပေးကြဖို့ကိုလည်း အထက်ပါတာဝန်ခံက ပြောပါတယ်။

Rocket Fighter တပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲပေါင်း ၅၀ ကျော်ဆင်နွှဲထားနိုင်ပြီး စစ်ကော်မရှင်ဘက်က သေဆုံးဒဏ်ရာရ ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စာတည်း – လင်း ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။