ကလေးဝမှာ ဖမ်းမိတဲ့ ဒဂုံဘီယာဖာ ၄၅၀ ကိုဖျက်ဆီးပြီး ပိုင်ရှင်အပါ ၃ ဦးကိုပြန်လွှတ်ပေး (ရုပ်/သံ)

0 17
0 17

မြေလတ်အသံ၊ သြဂုတ် ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဒဂုံဘီယာဖာ ၄၅၀ ကို ဖျက်ဆီးပြီး ပိုင်ရှင်အပါအဝင် ကားသမား ၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကလေးဝမြို့နယ်ပကဖဆီက သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ သပိတ်မှောက်(Boycott)ထားတဲ့ ဒဂုံဘီယာတွေတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ကား ၁ စီးကို သြဂုတ် ၂၅ ရက်က ယုဇလယ်ကျေးရွာအနီးမှာ ဖမ်းဆီးပြီး ဘီယာဖာတွေကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘီယာဖာပိုင်ရှင်ရယ်၊ ဒရိုင်ဘာရယ်၊ စပါယ်ယာရယ် ၃ ယောက်ပေါ့ ဖမ်းမိတာ။ သူတို့ကို ၂ ရက်လောက်စစ်ဆေးမှုလုပ်လိုက်တယ်။ အရေးယူတာတွေ ဘာမှမလုပ်ခဲ့ပါ။ သတိပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ ကလေးဝမြို့နယ်ပကဖမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်ပစ္စည်းပိုင်ရှင်နဲ့ ကားသမား ၂ ဦးတို့ကိုလည်း Boycott ပစ္စည်းတွေကို နောက်နောင်မတင်သွင်းကြဖို့ အသိပညာပေးပြောဆိုပြီး သြဂုတ် ၂၈ ရက်မှာ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သူကဆိုပါတယ်။

အဆိုပါကုန်တင်ကားဟာ မန္တလေးမြို့ကနေ ကလေးမြို့ကို ကုန်ပစ္စည်းတွေတင်ပို့နေတဲ့ ကားဂိတ်မှဖြစ်ပြီး ကလေးဝမြို့နယ်မှာ Boycott ကုန်ပစ္စည်းတွေ အခုလိုဖမ်းမိတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ စစ်တပ်ပိုင်ကုန်စည် ၈ မျိုးဖြစ်တဲ့ မြန်မာဘီယာ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်တို့ကို ပြည်သူတွေအနေနဲ့ မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က တိုက်တွန်းထားပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။