myaelatt athan

Sharing Information to the Local

စစ်ကိုင်းတိုင်းကို အင်အားလာဖြည့်တဲ့ ကား ၄၉ စီးပါ စစ်ယာဥ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရ

ထီးချိုင့်၊ မတ် ၁၂၊ ၂၀၂၃။

မန္တလေးတိုင်းကနေ ကသာ၊ ထီးချိုင့်ဘက်ကို စစ်အင်အားဖြည့်သွားတဲ့ စစ်သားအင်အား ၁ ထောင်ပါတဲ့ စစ်ယာဉ်တန်း ၄၉ စီးကို တကောင်းမြို့နယ်အတွင်းမှာ မတ်လ ၁၀ ရက် ၁ ရက်တည်းမှာတင် မိုင်း ၃ ကြိမ် ဆွဲတိုက်ခိုက်ခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

မနေ့က နေ့လယ် ၁၂ နာရီမှာ တကောင်းမြို့ ၃ မိုင်အကွာ ကျွဲကူးကန်၊ တကောင်း ၆ မိုင်အနီး နောင်လုံသံတံတားနဲ့ အင်ပျံကျေးရွာအနီး စတဲ့ ၃ နေရာမှာ စစ်အင်အားဖြည့်လာတဲ့ စစ်သားတွေပါတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်း ၁၃ လုံးနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုင်းဆွဲခံရတဲ့ကားတွေက ဒဏ်ရာရသူတွေ ကောက်တင်ပြီး သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၂၀ စစ်ဆေးရုံ၊ ကုတင် ၁၀၀(တဆရ ၂၀/၁၀၀) စစ်ဆေးရုံကို မောင်းသွားကြပြီး ကျန်တဲ့ကားတွေကတော့ ကသာ၊ ထီးချိုင့်ဘက်ကို ဆက်လက်မောင်းနှင်သွားကြတယ်လို့ သိရပါတယ်။

မန္တလေးဘက်ကနေ ကသာ၊ ထီးချိုင့်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄၉ စီးဟာ စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေရဲ့ ပူးပေါင်းတပ်တွေဖြစ်ပြီး အင်အား ၁၀၀၀ ခန့် ပါဝင်ကာ တကောင်းမြို့နယ်အတွင်းမှာ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ တကောင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်ကလည်း ထီးချိုင့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေကို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နှင့် တကောင်းပကဖ တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။