myaelatt athan

Sharing Information to the Local

မိုးကုတ်ဗျူဟာ ၇ မိုင်စစ်ဆင်ရေးပြန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကြိုဆို (ရုပ်/သံ)

ယင်းမာပင်၊ ဇူလိုင် ၃၁၊ ၂၀၂၅။

မိုးကုတ်ဗျူဟာ ၇ မိုင် စစ်ဆင်ရေးကပြန်လာတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ရဲ့ ရှေ့တန်းပြန် တပ်ဖွဲ့ဝင် တွေကို ဇူလိုင် ၂၈ ရက်က ဆားလင်းကြီးမြို့နယ်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ဆီက သိရပါတယ်။

ကျေးရွာ ၅ ရွာက ဒေသခံပြည်သူတွေဟာ သပြေပန်း၊ မုန့်၊ ပိုက်ဆံ‌တွေကိုလည်း ပေးအပ်ပြီး ကြိုဆိုခဲ့ကြတာပါ။

“ရွာ ၅ ရွာလောက်က ပြည်သူတွေက ကြိုကြတာပါ၊ ကျနော်တို့ပြန်လာတဲ့ လမ်းတလျှောက်က ရွာတွေကပါ၊ မိုးကုတ်ဗျူဟာ ၇ မိုင် စစ်ဆင်ရေးကို တပ်ရင်းက ရဲဘော် ၂၅ ဦး လွှတ်လိုက်ပါတယ်၊ ကျနော်တို့ရဲ့ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီးတော့ စစ်ကြောင်းမှူး ဒဏ်ရာရခဲ့ပါတယ်”လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ စစ်ရေးကြီး တာဝန်ခံက ပြောပါတယ်။

အဆိုပါ မိုးကုတ်ဗျူဟာ ၇ မိုင်စစ်ဆင်ရေးအတွက် ဧပြီလကနေ ဇူလိုင်လအတွင်း ၃ လခွဲကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှုတွေကို အဓိက လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“စစ်မြေပြင်အတွေ့အကြုံကတော့ ကျနော်တို့ အရင်တုန်းကဆိုရင် မိုင်းဆွဲတာပဲ အဓိကလုပ်တာ၊ အဲ့ဒီဘက်က စစ်ဆင်ရေးမှာဆိုရင်တော့ ထိပ်တိုက် တိုက်ပွဲတွေ၊ ရင်ဆိုင်တိုက်ပွဲတွေ တိုက်ခဲ့ရတာ၊ ရဲဘော်တွေ အနေနဲ့လည်း ရှေ့တန်းအတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ယင်းမာခရိုင်တပ်ရင်း ၁၆ က တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး စျာပနအခမ်းအနားကိုတော့ တပ်ရင်းမှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။