23 July 2025 7:26 PM

myaelatt athan

Sharing Information to the Local

တရုတ်စီမံကိန်းက CDMဝန်ထမ်းထောင်နဲ့ချီ လုပ်ငန်းခွင်ပြန်ဝင်သွားလို့ ကြေးနီထုတ်လုပ်ငန်း အလုံးစုံပြန်လည်ပတ်နေ (ရုပ်/သံ)

မြေလတ်အသံ၊ ဇူလိုင် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင်ကြေး နီစီမံကိန်း မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီကုမ္ပဏီတွေကနေ CDM ပြုလုပ်ထားတဲ့ ယင်းမာပင်ခရိုင်ဒေသခံဝန်ထမ်းထောင်နဲ့ချီ Non CDM အဖြစ် လုပ်ငန်းခွင်တွေအတွင်း ပြန်လည်ဝင်ရောက်လုပ်ကိုင်နေကြပြီလို့ ကြေးနီကုမ္ပဏီ CDM ဝန်ထမ်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

အဲ့ဒီ CDM ဝန်ထမ်းတွေဟာ၂၀၂၅ နှစ်စပိုင်းက စတင်ကာ လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်နေတာဖြစ်ပြီး ဇွန်နဲ့ဇူလိုင်လတွေအထိ ကြေးနီစီမံကိန်းဝန်ထမ်း ၃,၀၀၀ ( ၅၀% ခန့်) ကျော် ပြန်လည်ရောက်ရှိသွားခဲ့လို့ ဌာနအသီးသီးမှာ စစ်အာဏာမသိမ်းမီကာလတွေကလို အလုပ်ချိန် ၈ နာရီ ၃ ဆိုင်းနဲ့ ၂၄ နာရီ ပြန်လည်ပတ်နေကြပြီလို့ သိရပါတယ်။

အခုလို တရုတ်ကြေးနီစီမံကိန်းစက်ရုံတွေ ပုံမှန်လည်ပတ်မှုနိုင်တာဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးအမြတ်များပြားတဲ့အပြင် လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်သွားသူတွေက ဒေသခံတွေအများစုဖြစ်တာကြောင့် စစ်ကောင်စီအတွက် အကြိုက်တွေ့စေတဲ့အခင်းအကျင်းဖြစ်တယ်လို့ ကြေးနီကုမ္ပဏီသတ္တုတွင်း CDM ဝန်ထမ်းတဦးက မြေလတ်အသံကို ပြောပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။