စစ်ကိုင်း၊ သြဂုတ် ၂၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ချမ်းသာရွာက ပေါ်တူဂီမျိုးဆက်များဖြစ်တဲ့ ဒေသခံတွေကို စစ်ကောင်စီက လူမျိုးသုန်းသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ရေးသားခဲ့ပါတယ်။
ချမ်းသာရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့မှာ ” မြန်မာနိုင်ငံက အပြီးပိုင်ထွက်သွားဖို့ လိုပြီ၊ ထွက်မသွားဘူးဆိုရင် လူမျိုးသုန်းသတ်ဖြတ်ရလိမ့်မယ်” ဆိုတဲ့ စာတွေကိုရေးခဲ့တာကို ဓါတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။
ချမ်းသာရွာဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ရေဦးမြို့နဲ အနောက်ဘက် ၆မိုင်ခန့်အကွာမှာ ရှိပြီး မြန်မာဘုရင်တွေ လက်ထက်ကတည်းက အမှုထမ်းခဲ့ကြတဲ့ အမှုထမ်းမျိုးရိုးတွေလည်းရှိတဲ့ ရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရေဦးးမြို့နယ်ထဲက ကျေးရွာ ၃ခုမှာ ချမ်းသာရွာပါဝင်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၇ရက်ကလည်း ချမ်းသာရွာကို စစ်ကောင်စီက မီးရှို့ခဲ့လို့ နေအိမ် ၁၈၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။