အာမိုရင်ရဲ့ ပထမဆုံးရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ယူနိုက်တက် (အားကစားသတင်း)

0 2
0 2

မြေလတ်အသံ၊ မေ ၂၂၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ် အာမိုရင်လက်ထက် ပထမဆုံးရာသီမှာတော့ ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရပြီပဲဖြစ်ပါတယ်။

ဒီရာသီ စပါးအသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၃ ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ တခုတည်းသော ဖလားမျှော်လင့်ချက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း စပါးအသင်းကို ထပ်မံရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲစုံ ၄ ပွဲလုံး ရှုံးနိမ့်ခဲ့ရတဲ့အပြင် ယူရိုပါလိဂ်ဆုဖလားကိုပါ လက်လွှတ်ခဲ့ရတာပါ။

ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲချိန် ၄၂ မိနစ်မှာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောရဲ့အမှားကနေတဆင့် စပါးတောင်ပံတိုက်စစ်ကစားသမား ဘရန်နန်ဂျွန်ဆင်ရဲ့ တလုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်း သူတို့ရဲ့ ၃ ကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါပြီ။

ပရီးမီးယားလိဂ် တန်းဆင်းဇုန်အထက် လက်ရှိအဆင့် ၁၆ နဲ့ ၁၇ အသင်း ၂ သင်း ယူရိုပါလိဂ်ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီဆုဖလားဟာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်လို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ယူနိုက်တက်တို့ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။