ONE နဲ့ ပထမဆုံးပွဲဦးထွက်မှာ ဘရော်နီကာ အမှတ်နဲ့ရှုံးနိမ့်ခဲ့ (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅။

ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညမှာကျင်းပနေတဲ့ ONE Friday Fights 97 အက်တမ်ဝိတ်တန်းမှာ ဘရော်နီကာဟာ ပြိုင်ဘက်ဖြစ်သူ ဖရန်ဆီကာဗီယာကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ 

ONE ဟာ ဘရော်နီကာနဲ့ ဖရန်ဆီကာဗီယာတို့ပွဲစဉ်ကို ပွဲကြိုမိတ်ဆက်အစီအစဉ်တွေ သေချာလုပ်ပေးခဲ့တာတွေ့ရပါတယ်။ ဗီယာက အပြာထောင့်ကပွဲထွက်လာပြီး ဘရော်နီကာကတော့ အနီထောင့်ကပွဲထွက်လာခဲ့ပါတယ်။ 

ပထအချီမှာ ဘရော်နီကာရဲ့ ဘယ်ထောက် ညာဖြောင့်အလုပ်ဖြစ်ခဲ့ပြီး ဗီယာတယောက် အထိနာခဲ့ပါတယ်။  ဒုတိယအချီမှာတော့ ဗီယာရဲ့မာဂုဏ်ဟာပိုသိသာခဲ့ပြီး ဘရော်ရုန်းကန်ခဲ့ရပါတယ်။ 

တတိယအချီမှာတော့ နှစ်ယောက်စလုံးနောက်မဆုတ်တမ်းပြိုင်ထိုးခဲ့တာကြောင့် ပွဲဟာကြည့်ကောင်းခဲ့ပါတယ်။

ပွဲအပြီးမှာ‌တော့ ဒိုင်ဆုံးဖြတ်ချက်အရ ဖရန်ဆီကာဗီယာက ဘရော်နီကာကို အနိုင်ရရှိသွားခဲ့ပါတယ်။ 

ONE ဟာ နှစ်ယောက်စလုံးရဲ့စွမ်းဆောင်ရည်ကို နှစ်သက်ခဲ့တာကြောင့် ပွဲအပြီးမှာ နှစ်ယောက်စလုံးအတွက် ဘောနပ်စ်ဆုတွေ ပေးအပ်ခဲ့ပါတယ်။

Photo – SS from One Championship Live.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။