myaelatt athan

Sharing Information to the Local

မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး လီဗာပူးလ်ကို ဆက်လက်ဖိအားပေးနေတဲ့ အာဆင်နယ် (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၅။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးအသင်းကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရယူခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက အဓိက တောင်ပံတိုက်စစ်ကစားသမား ဆာကာ ဒဏ်ရာရပြီးတဲ့နောက်ပိုင်း ပုံမှန်ပွဲထွက်လေ့ရှိတဲ့ မာတင်နယ်လီ၊ ထရော့ဆက်၊ ဟားဗက်ဇ် တို့နဲ့ တိုက်စစ်တွဲလုံးနဲ့ ပုံမှန်အတိုင်းပွဲထွက်လာပြီး ဆာကာ၊ ဂျေဇူး၊ တိုမီယာစု၊ ဘန်ဝှိုက်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

မန်စီးတီးဘက်ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ဖရန့်ဖတ်ကနေ ဝယ်ယူထားတဲ့ အိုမာ မာမွတ်ရှ် ကို ကွင်းလယ်မှာ ပွဲထုတ်လာသလို ဂိုးသမားနေရာမှာတော့ အီဒါဆင်အစား အော်တီဂါ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမှာ အဓိကပွဲထွက်လူစာရင်းက အကီ၊ ဒီယက်ဇ်၊ ဒိုကူ တို့နဲ့ ဒီရာသီကာလရှည်ကြာ အနားယူနေရတဲ့ ရိုဒရီ အပြင် အော်စကာဘော့ဘ် လည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ပွဲအစ ၁ မိနစ်ကျော်မှာပဲ မန်စီးတီး နောက်တန်းကစားသမား အကန်ဂျီရဲ့ ဘောလုံးထိန်းသိမ်းပုံ မသေသပ်မှုကနေတဆင့် အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် အော်ဒီဂတ်က ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းတပိုင်းလုံးနီးပါး မန်စီးတီးက တောက်လျှောက် တိုက်စစ်ဆင် ကစားလာခဲ့ပေမယ့် ချေပဂိုးမရရှိခဲ့ပါဘူး။

ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဟာလန်းရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ မန်စီးတီးတို့ ချေပဂိုးပြန်လည်ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ချေပဂိုးသွင်းယူပြီး ၁ မိနစ်အကြာမှာပဲ ကွင်းလယ်လူပါတေးရဲ့ကန်ချက် ဂျွန်စတုန်းနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ အာဆင်နယ်တို့ ပွဲကိုချက်ချင်းပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၆၂ မိနစ်မှာ လူးဝစ်စကယ်လီ၊ ၇၆ မိနစ်မှာ ကိုင်ဟားဗက်ဇ် နဲ့ ၉၀ မိနစ်မှာ အီသန်နွယ်နာရီတို့က အသီးသီး သွင်းဂိုးတွေရယူနိုင်ခဲ့ကာ မန်ချက်စတာစီးတီးကို ဂိုးပြတ် အနိုင်ယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းက လက်ရှိ အဆင့် ၁ က လီဗာပူးလ်အသင်းထက် ၁ ပွဲပိုကန်ထားပြီး ၆ မှတ်ကွာဟနေပေးမယ့် အဆင့် ၂ နေရာကနေ အနီးကပ်ဆုံး ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ ရာသီဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းက လက်ရှိမှာတော့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နဲ့ ၁၅ မှတ်အထိ ကွာဟနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိခြေစွမ်းအရ လာမယ့်ဗုဒ္ဓဟူးနေ့ ရီရဲလ်မက်ဒရစ်နဲ့ ကန်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် Play-off ပွဲမှာလည်း ရုန်းကန်ရဦးမယ့် အခြေအနေပါ။

Photo – Premier League.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။