ONE ရဲ့ တရားဝင်ဖိုက်တာဖြစ်လာခဲ့တဲ့ ဘရော်နီကာ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇန်နဝါရီ ၂၈၊၂၀၂၅။

Thai Fight ပြိုင်ပွဲတွေမှာ အစွမ်းပြပြီး ONE ကိုရောက်မယ်လို့ နာမည်ကြီးနေတာကြာပြီဖြစ်တဲ့ ဘရော်နီကာ တယောက် ONE ရဲ့ တရားဝင်ဖိုက်တာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

ဘရော်နီကာ ONE နဲ့လက်တွဲလိုက်ပြီဖြစ်ကြောင်းကို ဇန်နဝါရီ ၂၈ ဒီနေ့ည ၆း၃၀ အချိန်မှာ ONE Championship ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေက ကြေညာခဲ့ပါတယ်။ 

ဘရော်နီကာဟာ Thai Fight ပြိုင်ပွဲတွေမှာ စွမ်းရည်ကောင်းတွေပြသခဲ့ပြီး မွေထိုင်းချန်ပီယံ ၂ ကြိမ်အထိ ရရှိခဲ့ကာ သူ့ရဲ့ Thai Fight နောက်ဆုံးပွဲစဉ်ကို ၂၀၂၄ ဩဂုတ် ၄ ရက်က အာဂျင်တီးနားသူ ဖလော်ရန်စီယာနဲ့ ထိုးသတ်ပြီး ပြိုင်ပွဲကို အနိုင်နဲ့နှုတ်ဆက်ခဲ့ပါတယ်။ 

Thai Fight မှာချန်ပီယံဖြစ်ခဲ့သလို လေ့ကျင့်မှုပြတ်မသွားဘဲ ကစ်ဘောင်ဆင်ကစားနည်းကိုပါ လေ့ကျင့်နေတာတွေ့ရတဲ့ ဘရော်နီကာတယောက် ONE ရဲ့စင်မြင့်မှာ ဘယ်လိုပြိုင်ပွဲတွေထိုးသတ်ပြီး ဘယ်အထိခရီးရောက်သွားနိုင်မယ်ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Poto – Tiger Muay Thai

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။